မြစ်သား ၂၁ ဇွန်
မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး ရောင်းတန်းဝင် မြစ်သားကြက်သွန်နီကို မြစ်သားမြို့နယ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ အသင်းစုစုပေါင်း(၁၁၀) သင်းမှ စိုက်ဧက(၇၀၀၀)တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ တစ်ဧကလျှင် ပျှမ်းမျှပိဿာချိန်(၂၀၀၀) ထွက်ရှိကြောင်း သိရှိရပါသည်။ ကိုဗစ်-၁၉ ကာလကြောင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သော အသင်းသားတောင်သူများ အနေဖြင့် ပိဿာချိန်(၁၃,၈၅၀,၀၀၀)ကို ရောင်းချပြီးဖြစ်ပါကြောင်းနှင့် နွေနှမ်း၊ ငရုတ် စသည့်သီးနှံများ ကိုလည်း ဆက်လက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါကြောင်း သိရှိရသည်။
MDN


