မြစ်သား ၂၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ Covid-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် မြို့နယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်(၆)ဦးမှ အလှူငွေကျပ် ၇၃၅၀၀၀ အား ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပေးအပ်လှူဒါန်းရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် ကော်မတီအဖွဲ့ဝင်တို့က လက်ခံရယူခဲ့ကြသည်။
အလားတူ မြစ်သားမြို့နယ် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက မြို့နယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ပေးပို့သူ- ဆုမွန် (မြစ်သား ပြန်/ဆက်)


