မြစ်သား ၁၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကျောက်ဆောက်ကျေးရွာ သုံးဆူ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီတွင် ကျေးရွာကုန်ထုတ်လမ်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကုန်ထုတ်လမ်း (ဝ/၆.၆၀)မိုင် မြေသား ၂ ပေတင် ဂျင်း ၉ လက်မထုခင်းခြင်းလုပ်ငန်းတွင် မြေသား ၁ ပေထုတင်၍ စက်ကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၃၇၈ သန်းဖြင့် တင်ဒါအောင်မြင်သော ဓနထွန်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်း (၂၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင်ထံမှ  သိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)