မြစ်သား ၂၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ(၄)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၄)ခု တို့သို့ PPE ဝတ်စုံ(၈၀)စုံအားပေးအပ်လှူဒါန်းခဲ့ပါသည်။

ထိုသို့လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စား မိုင်းမော သံချပ်ကာ ယန္တရားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးတိုးမြင့်ကျော်က PPE ဝတ်စုံများကို မြစ်သား မြို့နယ်ပြည်သူ့ဆေးရုံအတွက်(၂၀)စုံ၊ ရွာခိုင်ကြီး၊ ကူမဲ၊ မိုင်းမော၊ ဂွေ့ တိုက်နယ် ဆေးရုံများအတွက် တစ်တိုက်လျှင်(၁၀)စုံစီနှင့် ရစ်ကန်၊ သပြေတောင်း၊ ရေဝန်း၊ ဒါးရဲကောင်း ကျေးလက်ကျန်းမာရေး ဌာနများသို့ တစ်ခုလျှင်(၅)စုံစီကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာစိန်ပိုနှင့် တာဝန်ရှိသူ များအသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)