မြစ်သား ၁၂ ဇွန်
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေးဆိုသည့် အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ကူမြို့ အခွန်လွတ်ဈေးနှင့် ကူမဲဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးရိက္ခာသည်ငတ်မွတ်မှုနှင့် အာဟာရဓာတ်ချို့တဲ့မှုတိုက်ဖျက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ငါးအာဟာရဓါတ်သည် စားသုံးသူပြည်သူများအတွက် အသားဓါတ်အပြင် ကျန်းမာစေသော အဆီဓါတ်၊ အိုမီဂါ-၃ အဆီအက်ဆစ်၊ အိုင်အိုဒင်း၊ ဗီတာမင်-ဒီနှင့် ကယ်လ်ဆီယမ်များကိုလည်းဖြည့်တင်းပေး နိုင်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများသည် မိမိတို့ အိမ်အတွင်းနေထိုင်ကြရသဖြင့် စားသုံးသောအစားအစာများမှ အာဟာရဓါတ်မျှတစွာရရှိရေး ဂရုပြုစားသောက် ကြရမည်ဖြစ်ပြီး ငါးစားသုံးပေးခြင်းဖြင့်လည်း ငါးတွင်ပါဝင်သော ဗီတာမင်-ဒီမှ ရောဂါပိုးများ ခုခံကာကွယ်ရေး နှင့်ကိုယ်ခံစွမ်းအား ကောင်းမွန်ရေးအတွက်အထောက်အပံ့ဖြစ်စေကြောင်း ပြည်သူများသိရှိစေရန် အသိပညာ ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ကူမဲငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစောအောင်ကိုလတ်မှ ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေးသိပညာပေးဗီနိုင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ကူမဲမြို့တောက်ပရစ်ဇာတ်ရုံရှေ့တွင် စိုက်ထူပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ရေးငါးရိက္ခာများစားသုံးပေးသိပညာပေးလက်ကမ်းစာစောင်(၂၅၀)စောင်ကို အခွန်လွှတ်ဈေးနှင့် ကူမဲ ဈေးတို့တွင် ဈေးလာရောက်ဝယ်ယူသူများနှင့် ဈေးရောင်းချသူများကို ဖြန့်ဝေ၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)


