ကျောက်ဆည် အောက်တိုဘာ ၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ လယ်ယာမြေများတွင် ရေများဝင်ရောက်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြစ်သားမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် တောင်သူများနှင့်တွေ့ဆုံ၍ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သော စပါးသီးနှံစိုက်ခင်းများ ပြန်လည်ကုစားခြင်းနှင့် မျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက မြစ်ရေဝင်ရောက်သည့် ကျေးရွာများရှိ တောင်သူများနှင့် တွေ့ဆုံ၍ ရေဝင်ရောက်ခဲ့သည့် သီးနှံစိုက်ခင်းများ ရေကျပြီးနောက် ပုံမှန်အခြေအနေရောက်ရှိပါက ယူရီးယား၊ ပိုတက်စီယံများ၊ သဘာဝမြေဩဇာများဖြစ်သည့် နွားချေးမှုန့်/ မြေမှုန့်အခြောက်များ၊ ရွက်ဖျန်းအားဆေးရည်များအား အပင်အခြေအနေအပေါ်မူတည်၍ ပက်ဖျန်းပြီး ပျက်စီးဆုံးရှုံးမှုများသော သီးနှံစိုက်ခင်းများအား ဒေသရေမြေ ရာသီဥတုနှင့် သင့်လျော်မည့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းများ ပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးကာ မျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)