မြစ်သား နိုဝင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၁  ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် ဒိုင်းကျေးရွာအုပ်စု၊ နတ်လွှဲ (န) ကျေးရွာမှကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းကို ယနေ့နံနက်(၁၀) နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

 

အဆိုပါသင်တန်းတွင် ကျေးရွာကော်မတီဝင်(၇)ဦးအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ဆောင်ရာတွင် သိရှိလိုက်နာရမည့် ရန်ပုံငွေစီမံခန့်ခွဲမှုနည်းလမ်းများ၊  စီမံကိန်းဆိုင်ရာ ငွေစာရင်း ထိန်းသိမ်းနည်းပုံစံများအား  စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါစီမံကိန်းမှ ကျေးရွာနေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွား လာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်  ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

 

မြမြမွန်(မြစ်သား)