မြစ်သား မတ် ၁၀
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို မတ် ၅ ရက်က ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက တောင်သူဦးကြီးများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့် နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)