မြစ်သား ၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးကျော်ဝင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရေး၊ မြို့နယ်တွင် အများယုံကြည်လေးစားခြင်းခံရ သောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများဖြင့် အဖွဲ့(၆)ဖွဲ့ခွဲကာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်များပေး အပ်ထားပြီးဖြစ်ရာ မိမိတာဝန်ကျ နယ်မြေများအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရေး၊ လာမည့် ဇူလိုင် ၁၈ ရက်နေ့တွင် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး၊ မဲရုံးမှူး၊ ဒုမဲရုံမှူးများသင်တန်းဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းလမ်းညွှန်ချက် များ၊ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ရေးတို့ကို ညှိနှိုင်းရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှ လုံခြုံရေးကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ်သွားမည့်အစီအမံများ၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စွာပြုစုရေး စနစ် တကျ ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)


