မန္တလေး ဖေဖော်ဝါရီ ၆

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နနွင်းကို ၁၀၄၅ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

နနွင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ စတင်တူးဖော်လျက်ရှိကြောင်း၊ နနွင်းကို ဘောင်ခတ်ပြီး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နနွင်းတက်လှည်း ၁၃-၁၅ စီးခန့်၊ တင်းအားဖြင့် ၃၂၅-၃၅၀ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြ၍ ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ နနွင်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများဆက်လက် ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ကူးသန်း