မြစ်သား  ၁၀  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး   အမျိုးသား အဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာ နိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြစ်သား မြို့နယ်ရှိကိုဗစ် ထိန်းချုပ်ရေး Quarantine Centre များတွင် စေတနာ့ဝန်ထမ်း (Volunteer) များအား ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ မြို့နယ်စေတနာ့ဝန် ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့  ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက Facility Quarantine Centre များတွင် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့်လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ  ဒေါက်တာကျော်စိုးထွန်း၊ ဒေါက်တာကျော်ဇေယျ နှင့်ဒေါက်တာမြင့်လွင်တို့က  သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ကြပြီး မြစ်သားမြို့နယ် Quarantine Centre များတွင်တာဝန်ထမ်း ဆောင်မည့် သင်တန်းသားများအား ကိုဗစ်-၁၉ရောဂါ တုံ့ပြန်ဆောင် ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့်လုပ်ငန်းလမ်းညွှန်၊ ပြောဆို ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်လူမှု့ ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်သုံးစွဲခြင်း စသည်တို့ကို ပို့ချခဲ့ရာ သင်တန်းသား ၅၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြမြမွန်(မြစ်သားပြန်/ဆက်)