မြစ်သား ဖေဖော်ဝါရီ ၁၇

 

မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီပွဲရုံများ၌ ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိကြောင်း သိရသည်။

 

မြစ်သားမြို့နယ်ဒေသခံတောင်သူများအနေဖြင့် ကြက်သွန်နီများကို မိသားစုဝင်ငွေအဖြစ် အဓိကထားစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကြက်သွန်နီများကို မြစ်သားမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် နေ့စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ မြစ်သားမြို့ထွက် ကြက်သွန်နီများကို ပြည်တွင်းရှိမြို့နယ်များအပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ နေ့စဉ်တင်ပို့ရောင်းချနေရပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ဝင်းမင်းထွန်း(ပြန်/ဆက်)