မြစ်သား အောက်တိုဘာ ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင်လည်း မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်လမ်းညွှန်မှုများဖြင့် စာရင်းစစ်၊ စာရင်းကောက်ယူရေး အဖွဲ့များမှ ရပ်ကွက်/ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် Mobile Tablet များအသုံးပြု၍ လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များ၊ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခုနှင့် အဖွဲ့အစည်း မေးခွန်းပုံစံ ၁၈ ခုတို့ဖြင့် ကွင်းဆင်းမေးမြန်း စာရင်းသွင်းဖြည့်စွက် ဆောင်ရွက်ကြခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)