မြစ်သား ၁၁ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သော ငွေကျပ် ၂၀ဝ၀ဝ နှုန်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ရွှေမုဌော ဘုရားပရိဝုဏ်အတွင်းရှိ ဝေယံဘုံမြင့် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည် ၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး တို့က အသီးသီးအမှာစကားပြောကြားပြီးနောက် ထောက်ပံ့ငွေများကို မြစ်သားအတွင်းရှိ အဆိုပါထောက်ပံ့ငွေများကို မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများထံသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အသီးသီးပေးအပ် ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၉၂)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၃၆၂၃၈)ရှိပြီး အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝနှုန်း ဖြင့်စုစုပေါင်းငွေကျပ်သိန်း(၇၂၄၇၆၀ဝ၀ဝ)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ မှတဆင့် အိမ်ထောင်စုများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြမွန် (ပြန်/ဆက်)


