မြစ်သား ၁၂ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့်  အခြေခံ စားသောက်ကုန်(၅)မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီတို့ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လင်းလင်းကျော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ် SRT အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် SRT အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်၍  မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈၁)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၈၁၄၀)တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲ(၁)ပိဿာ တို့အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

(ဆုမွန်-မြစ်သားပြန်/ဆက်)

 

mdn