မြစ်သား သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၆၇၃၅ ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များဖြစ်ကြသော အဖွဲ့ဝင် ဒေါ်ဇာဇာ၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ ကူမဲမြို့)၊ ဦးကိုကိုကြီး (နယူးဖန်စီဆီဆိုင်၊ ကူမဲမြို့)၊ ဒေါ်ခင်ဌေးကြည် (ရတနာဌေးသစ္စာကုန်စုံဆိုင်၊ ကူမဲမြို့)၊ ဦးဇော်လင်းနောင် (ငွေကလပ်ဆီဆိုင်၊ ကူမဲမြို့)၊ ဦးဇော်မင်းအောင် (အောင်စိုးမိုးဆီဆိုင်၊ ကူမဲမြို့)၊ ဦးဝေဖြိုးကျော် (လှရေခဲစက်ဆီဆိုင်၊ ကူမဲမြို့)၊ ဒေါ်ဆွေဇင်ဝင်း (ဖိုးကံကောင်းဆီဆိုင်၊ ကူမဲမြို့)၊ ဦးရှိုင်းဝဏ္ဏ (ရှယ်လီဌေးဆီဆိုင်၊ ကူမဲမြို့) စသည့် ဆီကုန်သည် ၉ ဦးတို့က ရောင်းချပေးခဲ့သည်။ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် ဆီတစ်ပိဿာ ၆၇၃၅ ကျပ်နှုန်းအား ဌာနဆိုင်ရာ (၄၇)ဌာနတို့မှ အရာထမ်း ၈၆ ဦး၊ အမှုထမ်း ၂၄၈၉ ဦး ဝန်ထမ်းစုစုပေါင်း ၂၅၇၅ ဦးတို့အား ဆီပိဿာချိန် ၂၅၇၅ ပိဿာကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


