မြစ်သား ၁၇  သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ပြည်သူ့ဝန်ဆောင်မူရုံး (OSS) Mobile Team မှ ကျေးရွာများသို့ ကွင်းဆင်းဝန်ဆောင်မှု ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက ဘုံကွင်းကျေးရွာအုပ်စု သင်ထုံးကျေးရွာတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ (OSS) ပါ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်ပါလျက် မိဘပြည်သူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးဗဟုသုတ တိုးပွားစေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ကျေးရွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြစ်သား (မြို့နယ်ပြန်/ဆက်)