မြစ်သား ၁၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ယနေ့ မြန်မာ့နှစ်သစ်ကူးနေ့ဖြစ်သည့် နှစ်ဆန်း(၁)ရက်နေ့ ညနေ(၄)နာရီတွင် မြို့တွင်းသို့ ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော် ခွေဖွင့်၍သာ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ် သံဃနာယက အဖွဲ့ဉက္ကဌ ဆရာတော်ဘဒ္ဒန္တဃောသိတမှ “အသံချဲ့စက်ဖြင့်သာ သီလပေးမည်ဖြစ်ကြောင်း၊ သီလယူချင်သူများ မိမိတို့အိမ်မှသာ သီလယူကြရန်နှင့် လူစုလူဝေးမဖြစ်စေရန် စာထွက်ထားပြီး ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ သတ်မှတ်ချက်နှင့်အညီ သီလပေးနိုင်ရင်ပေး၊ သီလမပေးနိုင်လျှင် ဘုန်းကြီးကျောင်းများမှ အသံချဲ့စက်များဖြင့် သီလပေးရန် ဖြစ်ကြောင်း၊ ဒုလ္လဘ ရဟန်းခံမည့်ကိစ္စများကိုလည်း လုံးဝ ပြုလုပ်ခွင့်မပေးထားကြောင်း၊ မပြုလုပ်ရန်ဟုလည်း စာထွက်ထားပြီးကြောင်း၊ မြို့တွင်းသို့လည်း မြို့နယ်သံဃ နာယကအဖွဲ့ဆရာတော်(၅)ပါးမှ အသံသွင်းထားသည့် ပရိတ်ခွေဖြင့်သာ ကားဖြင့် လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ အိမ်ပေါက်ဝတွင် ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်ပန်းများကို ထားရှိပူဇော်နိုင်ကြောင်း ကျန်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်လည်း ထိုနည်း အတိုင်းသာလှည့်လည် ပူဇော်ကြမည်ဟု ပြောကြားကြောင်း သိရသည်။
ဆုမွန်-မြစ်သားပြန်/ဆက်