မြစ်သား ၁၈ မေ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်နှင့်အညီ Coronavirus Disease 2019 (Covid-19) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအပြင်ထွက်လျှင် Mask တပ်ဆင်ရန်နှင့် နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမူနေထိုင်သွားလာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း ဦးဆောင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် SRT အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြစ်သားမြို့ဗိုလ်ချုပ်လမ်း၊ ရွှေမုဌောဘုရားရှေ့၊ လုပ်အားကြေးမုံခန်းမရှေ့နှင့် မြစ်သားဆိုင်းဘုတ်သံလမ်းဆုံနေရာနှင့် ရထားဘူတာရုံတို့တွင် ရှောင်တခင် စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေး ကာလနောက်ပိုင်းဖြစ်သဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများနှင့် နှာခေါင်းစည်းပါသော်လည်း Mask ကို စနစ်တကျ လုံခြုံစွာတပ်ဆင်ခြင်း မရှိသူများကို ငွေကျပ် ၅၀၀၀ ဖြင့် Mask(၂)ခု ဝယ်ယူတပ်ဆင်စေခြင်း၊ နေအိမ်ပြင်ပသို့သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာရန်နှင့် MasK စနစ်တကျလုံခြုံစွာ တပ်ဆင် သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်သူများသိရှိစေရန် အသိပညာပေးပြောကြား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဆုမွန် (ပြန်/ဆက်)


