မြစ်သား  ၂၁  ဇူလိုင် 

လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်၂၀ ရက် နံနက် ၁၀ နာရီက  မြစ်သားမြို့နယ် သစ်တက္ကုန်းကျေးရွာအုပ်စု မန်ကျည်းကန်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

18

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်က လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူကို တင်ပြရေး၊ ဥပဒေပြုရေး အပြန်အလှန် ထိန်းကြောင်းရေးနှင့် ပြည်သူကို ကိုယ်စားပြု၍ လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်က တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို စီမံခန့်ခွဲသည့် အခန်းကဏ္ဍမှာပါဝင်ခြင်းနှင့် ယခုအစိုးရလက်ထက်တွင် သက်ကြီးပင်စင်ရအောင် လုပ်ပေးနိုင်တဲ့အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး များအား ရက်ပေါင်း ၇၀ဝ အတွင်း တစ်ဦး လျှင် ငွေကျပ် ၁၅၀ဝ၀ နှင့် စောင့်ရှောက်နိုင်ပြီဖြစ်ကြောင်း ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူ များဖြစ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးဖို့ လယ်ယာမြေဥပဒေ တင်ပြထားပြီဖြစ်ကြောင်း၊ ကလေးများရဲ့ ပညာရေးကို ဦးစားပေးစေချင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမင်းအောင်မှ ဒီမိုကရေစီဆိုသည်မှာ အခွင့်အရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကို သမမျှတအောင် သုံးစွဲခြင်းကိုဆိုလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ စုစုပေါင်း (၃၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN