မဒေါက် ၂၀ ဩဂုတ်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ၂ နာရီ ထုတ်ပြန်သည့် မြစ်ရေကြီးမှု အခြေအနေသတင်းများအရ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌ (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ  အသိပေး နှိုးဆော်ထားသည်။

MDN