ညောင်လေးပင် ၆ သြဂုတ်  

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ စစ်တောင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် (၄)ပေခန့် ကျော်လွန်နေပြီး မဒေါက်မြို့နဲ့ အနီးကျေးရွာတွေကို ရေဝင်ရောက်ခဲ့တာကြောင့် ယနေ့တွင်  အခြေခံပညာကျောင်း (၈)ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

 

မဒေါက်မြို့၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ (၁၀၇၀)စင်တီမီတာဖြစ်ပြီး ယနေ့ မနက် ၁၀ နာရီခွဲတိုင်းတာချက်အရ (၁၁၉၀)စင်တီမီတာကို ရောက်ရှိနေခဲ့ကြောင်း၊ လက်ရှိတွင် မြစ်ရေဆက်လက်မြင့်တက်နေခြင်းကြောင့် အ.လ.က(ရေပေါ်သောင်)၊ အ.လ.က(ဂျောင်းတာ)၊ အ.လ.က (သောင်ကြီး)၊ မူလွန်(တံခွန်တိုင်)၊ မူလွန်(ချောင်းကျိုး)၊ မူလွန်(အင်းပလွဲ)၊ မူလွန်(ဗောဓိကုန်း)နဲ့ အ.မ.က(ဥတိုတာ) စသည့် စာသင်ကျောင်းများကို ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

 

နေလင်း(ညောင်လေးပင်)