ကံမ မေ ၁၁
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ မဒေးရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများရှိ ဒေသခံတောင်သူများက စိုက်ပျိုးရေကို စိုက်ကွင်းများဆီသို့ လိုအပ်သော ရေပမာဏရရှိစေရန်အတွက် လယ်ကြားမြောင်းများ တူးဖော်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
စီမံဆောင်ရွက်ပေး
မဒေးရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ၁၇၂၇ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဒေးတူးမြောင်းမကြီး၊ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတစ်ဆင့် စိုက်ပျိုးရေကို လိုအပ်သလို ရေပေးဝေစီမံဆောင်ရွက်ပေးလျက်ရှိသည်။
မဒေးရေလှောင်တမံမှ ဆည်ရေဖြင့် နွေသီးနှံများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စိုက်ပျိုးရေများ စတင်ပေးဝေခဲ့ရာ ဧပြီ ၃၀ ရက်အထိ နွေစပါး ၁၈၄၉ လျာထား ဧကထက် ၁၂၂ ဧက ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


