မတ် ၁၃

အာဖရိကတောင်ပိုင်းရှိ မဒါဂတ်စကာကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါသည့် လှေတစ်စင်းနစ်မြုပ်မှုဖြစ်ပွား သဖြင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ကမ်းအာဏာပိုင်များက ယမန်နေ့ညနေပိုင်းက ပြောကြားသည်။

 လူ ၄၇ ဦးလိုက်ပါလာသော အဆိုပါလှေသည် မဒါဂတ်စကာကမ်းလွန်ပင်လယ်ပြင်တွင် မတော်တဆမှုဖြစ်ပွားသောကြောင့် စနေနေ့ကနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မြစ်နှင့်ရေကြောင်းဆိပ်ကမ်းအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုလှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

၎င်းလှေသည် ပြင်သစ်နိုင်ငံ မာယိုတီကျွန်းသို့သွားရာလမ်းကြောင်းတွင်ရှိနေသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို