ရန်ကုန် ၂၄ မတ်
မှော်ဘီမြို့နယ်၊ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် မတ်လ ၂၃ ရက်မှ ဧပြီလ ၅ ရက်အထိ မနက်စာညစာ (၁၄)ရက်စာကို ဆရာတော်ကြီးထံမှ ခွင့်ပြုချက်ယူ၍ ခိုင်ခိုင်ကျော် (မြန်မာထမင်းဆိုင်) မှ အာဟာရဒါန ကျွေးမွေးကြောင်း သိရသည်။
ထိုသို့ အာဟာရကျွေးမွေးရာ ကျောင်းတိုက်ကြီးသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်နှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုခဲ့သည်။
ဆရာတော်ကြီးထံမှ ခွင့်ပြုချက်တောင်းခံ၍ ယခုလို အာဟာရဒါနများ ကျွေးမွေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း ခိုင်ခိုင်ကျော်(မြန်မာထမင်းဆိုင်)ပိုင်ရှင်က ပြောသည်။
မျိုးသန့်(ပြန်/ဆက်)


