ရန်ကုန် ဇွန် ၉
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းများအနက်မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အစီအစဉ်ဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာအုပ်စု ပေတရာအပိုင်း ကျောင်းကြီးကျောင်း တိုက်၌ ဇွန် ၈ ရက်က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးက အမှာစကား ပြောကြားခြင်းနှင့် ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းကို ဇွန် ၉ ရက်မှ ဇူလိုင် ၈ ရက်အထိ အခြေခံသင်တန်းနှင့် ဇူလိုင် ၁၆ ရက်မှ ၃၀ ရက်အထိ မွမ်းမံသင်တန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် သင်တန်း သားငါးဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီးဒေသဖွံ့ဖြိုး ရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲ ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


