မှော်ဘီ   ဒီဇင်ဘာ  ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျတ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၄)ရွာတို့ အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင်လည်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက စီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက်မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် နှောကုန်း(တောင်)ကျေးရွာရှိ ကျေးရွာကော်မတီဝင်များထံသို့  မြစိမ်းရောင်ရန်ပုံငွေ ကျပ်သိန်းသုံးရာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် အောက်ဝါးနက်ချောင်း(ရွာဟောင်း)၊ ရွာသစ်ကုန်းကျေးရွာ၊ မာလာကုန်းကျေးရွာနှင့် ကြိမ်နီစမ်းကျေးရွာတို့ရှိ ကျေးရွာကော်မတီဝင်များထံသို့ ကျေးရွာ(၁)ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀၀ စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)