၂၅ ဧပြီ

 

ရုရှားသမ္မတ ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ပထမဦးဆုံးအကြိမ် အဖြစ် ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ ကမ်းရိုးတန်းမြို့ ဗယ်လဒီဗိုစတော့မှာ ဒီကနေ့ (ကြာသပတေးနေ့) မှာ တွေ့ဆုံနေကြပါတယ်။

 

အခု တွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး ကင် က သမိုင်းကြောင်းရှိခဲ့တဲ့ နှစ်နိုင်ငံကြားက ဆက်ဆံရေးအတွက် ပိုမိုခိုင်မာတိုးတက်လာမယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောကြားသလို ပူတင်ကလည်း ကိုရီးယားကျွန်းဆွယ်အရေးကို ဖြေရှင်းနိုင်ရေးအတွက် ရုရှားကလည်း အကူအညီပေးနိုင်တာတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်သလို နှစ်နိုင်ငံ သဘောတူညီချက်အရ စီးပွားရေးဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်ပေးသွားမှာပြောပါတယ်။

 

မြောက်ကိုရီးယားနဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ ၁၉၉၀ ပြည့်နှစ်များမှာ အေးစက် သွားခဲ့ပေမယ့် ၂၀ဝ၀ ပြည့်နှစ်များတော့ မော်စကိုဟာ အနောက်နိုင်ငံများနဲ့ အင်အားပြိုင်ဖို့အတွက် ထောက်ခံမှု ရရှိရေးကို ရှာဖွေတဲ့အနေနဲ့ မြောက်ကိုရီးယားနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။

 

ရုရှား- မြောက်ကိုရီးယားဆက်ဆံကို လေ့လာကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်ပြည်ထောင်စုက ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်ပိုင်းကိုအထောက်အပံ့ပေးသလို အမေရိကန်နိုင်ငံက အလားတူ တောင်ဘက်ပိုင်းကို အကူအညီပေးခဲ့ကြပါတယ်။

 

မော်စကိုဟာ ၁၉၄၈ ခုနှစ်မှာ မြောက်ကိုရီးယားကွန်မြူနစ်နိုင်ငံတည်ဆောက်ခဲ့သော ခေါင်းဆောင်ကင်အီဆွန်း ကို ဆိုဗီယက်စစ်တပ်အတွင်းမှာ ကိုရီးယားတပ်ဖွဲ့ကို ဦးဆောင်မှု ပေးခဲ့ပါတယ်။ နှစ်နှစ်အကြာမှာ တရုတ်နိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ ထောက်ခံမှုနဲ့ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကို ကင်အီဆွန်းရဲ့ တပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားကျွန်ဆွယ်မှာ အပြစ်ခတ်ရပ်ဆဲခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်းမှာ လူပေါင်း ၄ သန်းလောက် သေဆုံးခဲ့ရပါတယ်။

 

ဆိုဗီယက်နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အေးတိုက်ပွဲအတွင်းမှာ မြောက်ကိုရီးယားဟာ ဆိုဗီယက်ဆီကနေ လက်နက်နဲ့ လောင်စာဆီတွေကို အကူအညီရရှိခဲ့ပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားကို ကာကွယ်ကြောင်း ၁၉၆၁ ခုနှစ်မှာ ကင်အီဆွန်း နဲ့ နီကီတာ ခရုရှက်ဗ် တို့ကြားမှာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

ကင်အီဆွန်းဟာ မော်စကို ကို ၁၉၈၄ နှင့် ၁၉၈၆ ခုနှစ်များ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် မီးခေးလ် ဂေါ်ဘာချော့နဲ့ တွေ့ဆုံဖို့ ရောက်ရှိခဲ့ပါတယ်။၁၉၉၀ ခုနစ်မှာ ဂေါ်ဘာချော့က တောင်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြုလုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားက သစ္စာဖောက်လို့ စွပ်စွဲပြီး ဆိုဗီယက်နဲ့ ဆက်ဆံရေး အဆုံးသတ်ခဲ့ပါတယ်။

 

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာ စစ်အေးတိုက်ပွဲလည်း အဆုံးသတ်သွားသလို ဆိုဗီယက်ရဲ့ မြောက်ကိုရီးယားအပေါ် ပေးအပ်နေတဲ့ အကူအညီတွေလည်း ရပ်ဆိုင်းခဲ့ပြီး ရုရှားနိုင်ငံအဖြစ် ပေါ်ထွန်းခဲ့ပါတယ်။

 

၁၉၉၂ ခုနှစ်မှာ ရုရှားသမ္မတ ဘောရစ်ယဲ့လဆင် က ၁၉၆၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ဟာ စာရွက်တစ်ရွက်သာဖြစ်ပြီး အသုံးမဝင်တော့ကြောင်း ကြေငြာခဲ့ပါတယ်။

 

မြောက်ကိုရီးယားတည်ထောင်သူ ကင်အီဆွန်း ဟာ ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ပြီး သားဖြစ်သူ ကင်ဂျုံအီ က ဖခင်အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ ပူတင်ဟာ သမ္မတဖြစ်ချိန်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

 

၂၀ဝ၀ ခုနှစ်မှာ ပူတင်ဟာ ပြုံယမ်းကို သွားရောက်ခဲ့ရာ ရုရှားခေါင်းဆောင်တစ်ဦး မြောက်ကိုရီးယားကို ပထမဦးဆုံးအကြိမ် ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီချိန်မှာ ပူတင်နဲ့ ကင်ဂျုံအီတို့ကြားမှာ စစ်ရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

mdn

 

၂၀ဝ၁ ခုနှစ် ၂၀ဝ၂ များမှာ ကင်ဂျုံအီ ဟာ မော်စကို ကို သွားပြီး ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

၂၀ဝ၃ ခုနှစ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရေးဟာ တိုးတက်လာခဲ့ပါတယ်။ အဲဒီချိန်မှာ  နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြှင့်တက်လာချိန်တဲ့အတွက်  ပြုံယမ်းရဲ့ နျူကရီးယားလက်နက် ထုတ်လုပ်မှုအစီအစဉ် စွန့်လွှတ်ရန် ပထမဆုံးအကြိမ် ခြောက်နိုင်ငံဆွေးနွေးပွဲမှာ ရုရှားလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

 

၂၀၁၁ ခုနှစ် ၊မကွယ်လွန်မီ ၄ လအလိုမှာ ကင်ဂျုံအီ ဟာ ရုရှားကို တတိယမြောက် နောက်ဆုံးခရီးအဖြစ် သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ကင်ဂျုံအီရဲ့ သားဖြစ်သူ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန် အာဏာလွဲပြောင်း ရယူခဲ့ပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုခေတ်က မြောက်ကိုရီးယားတင်နေတဲ့ အကြွေး ၉၀ ရာခိုင်နှုန်းကို ရုရှားက လျော်ချခဲ့ပါတယ်။

 

mdn

 

၂၀၁၈ ခုနှစ်က အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦး စင်ကာပူနိုင်ငံမှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံ ပွဲအပြီး ရုရှားသမ္မတ ပူတင်က အမေရိကန်-မြောက်ကိုရီးယားတွေ့ဆုံဆွေးနွေးပွဲကို ကြိုဆိုရင်း သူကိုယ်တိုင်လည်း ကင်နဲ့ တွေ့ချင်တယ်လို့ ဆိုပါတယ်။

 

၂၀၁၉ခုနှစ် ဖေဖော်ဝါရီမှာ အမေရိကန်-မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ ဆွေးနွေးပွဲ မအောင်မြင်တဲ့ နောက်ပိုင်း ပြုံယမ်းဟာ လက်နက် စမ်းသပ်ခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်နေ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင် နဲ့ ရုရှားသမ္မတ ပူတင် တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်တို့ရဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲအပြီး တခြား နိုင်ငံ့ခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn