၉ ဇူလိုင်
ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်တတ်တဲ့ ပေါ့ပ်စတား ဂျပ်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ တစ်လခန့်ကတည်းက မော်ဒယ် ဟယ်လီဘော့ဒ်ဝင်နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် လက်ထပ်တော့မယ်လို့ သိရပါတယ်။
စနေနေ့က ဖလော်ရီဒါ အရှေ့တောင်ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ ဘဟားမားစ်က စားသောက်ဆိုင်တစ်ခုမှာ ညစာစားရင်း ချစ်ခွင့်ပန်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းမှန်ကန်ကြောင်း နှစ်ဘက်ဆွေမျိုးတွေက အတည်ပြုခဲ့ကြပါတယ်။ ပေါ့ပ်စတား ဂျပ်စတင်ဘီဘာက အသက် ၂၄ နှစ် ရှိပြီဖြစ်ပြီး မော်ဒယ် ဟယ်လီဘော့ဒ်ဝင်က ၂၁ နှစ် ရှိပြီဖြစ်ပါတယ်။
ဘီဘာဟာ ပေါ့ပ်အဆိုတော် ဆယ်လီနာဂိုမက်ဇ်၊ မော်ဒယ် ဆိုဖီယာရစ်ချယ် စတဲ့ နာမည်ကျော်တွေနဲ့ တွဲခဲ့ဖူးသူဖြစ်ပြီး ယခု စေ့စပ်လိုက်တဲ့ မော်ဒယ် ဟယ်လီဘော့ဒ်ဝင် နဲ့ကတော့ ပြီးခဲ့တဲ့ တစ်လလောက်ကမှ တွေ့ခဲ့ကြတာဖြစ်ပါတယ်။
ဘီဘာဟာ ရှိုးပွဲပေါင်း ၁၅၀ ခန့် ကမ္ဘာပတ်သီဆိုဖျော်ဖြေခဲ့ပြီး လုံခြုံရေးအခြေအနေတွေကြောင့် ဖျော်ဖြေမှု ရုတ်တရက် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဘာသာပြန် > မိုးမမ
ကိုးကား > အေအက်ပီ