၁၃ နိုဝင်ဘာ
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြောက်အမေရိကားမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေအနက် ရုပ်သံဖန်တီးမှုရုပ်ရှင်ဖြစ်တဲ့ “The Grinch” ကို ပြန်လည်ဆန်းသစ်ထားတဲ့ ရုပ်ရှင်သစ်ဟာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ကြောင်း မေးအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပီးခဲ့တဲ့သောကြာနေ့ကစတင်ပြီး တနင်္ဂနွေအထိ ရောင်းချခဲ့ရတဲ့ စာရင်းတွေအရ လာမယ့်ခရစ်စမတ် ရာသီအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ “The Grinch”ရုပ်ရှင်သစ်မှာ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်နီဒစ် ကမ်ဘာဘက်ချ် ပါဝင်ထားပြီး ယင်းရုပ်ရှင်သစ်က ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တာပါ။ ရက်သတ္တပတ်အတွင်းမှာတော့ အဆိုပါရုပ်ရှင်ဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းခန့်ရရှိခဲ့ပြီး အဖွင့်သီတင်းပတ်မှာ ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။
အေးပြည့်