၁၃ မေ

ပူတာအိုခရိုင်      ခါကာဘိုရာဇီဒေသတွင် သတ္တုများစွာထွက်ရှိပြီး          ပူတာအိုမြို့နယ် ရှန်ဂေါင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးဖော် ရရှိနိုင်သည့်    ချောင်းများရှိပြီး    မချမ်းဘောမြို့နယ်၌ လက်ယက်ရွှေတွင်းများလည်းရှိသည်။ ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်မြို့နယ်တို့တွင်လည်း ရွှေ၊ ခဲမဖြူနှင့် သံရိုင်းသတ္တုကျောက်များ  ထွက်ရှိသည်။ နောင်မွန်မြို့နယ် ငါးရွာကျေးရွာမှ သံရိုင်းများဖြင့် ရှေးအစဉ်အဆက် လက်နက်နှင့် စေတီပုထိုးများအတွက်  လိုအပ်သည့်  သံရိုင်းများကို     ထုတ်လုပ်ခဲ့ကြောင်း   ဒေသဆိုင်ရာ မှတ်တမ်းများအရ သိရှိရသည်။

 

1

 

အထင်ကရ လည်ပတ်စရာများ

ပူတာအိုဒေသသည်  သဘာဝအလှများနှင့်    ပြည့်စုံကာ    ထင်ရှားသည့်နေရာများနှင့် လည်ပတ်နိုင်သည့်နေရာ များစွာရှိသည်။ ပူတာအိုမြို့နယ်တွင်  ရေခဲတောင်များ၊  မူလာရှီးဒီ တံတားရှိ  မုန်လန်ချောင်းအလှများ  ခံစားနိုင် ခြင်း၊ မချမ်းဘောမြို့နယ်တွင် နမ်းခမ်းရေတံခွန် ခုနစ်ထပ်၊ ကောင်းမှုလုံဘုရား၊ နတ်ကျွန်းဘုရား၊ ဂူဘားရိပ်သာနှင့်  ကျောက်နဂါးအပြင်  အခြားအထင်ကရနေရာများလည်း ရှိသည်။ ကောင်းမှုလုံဘုရားသည် ပူတာအိုမှ ၁၄ မိုင်ခန့်ကွာဝေးပြီး နတ်ကျွန်းဘုရားသည် မချမ်းဘောနှင့် ပူတာအို နယ်နိမိတ်အကြား    တည်ရှိသည်။    မလိခမြစ်ကြောင်းအလယ်တွင်  တည်ထားသောဘုရားဖြစ်ပြီး  ပူတာအိုမြို့နယ် နောင်ခိုင်ကျေးရွာအထိ ကားဖြင့်သွားရောက်ပြီး နောင်ခိုင်မှ မလိခမြစ်အတွင်း  မိနစ်  ၂၀  ခန့်  စက်လှေစီးနင်းကာ သွားလာနိုင်သည်။

 

2

 

“မေခနဲ့ မလိခမြစ်က ပူတာအိုခရိုင်ထဲမှာ စတင်မြစ်ဖျားခံပါတယ်။  ဒါ့အပြင်  အရှေ့ကနေ အရှေ့တောင်ကို  စီးလာတဲ့  ထလာဝမ်၊  ဇုံဝမ်၊ ထရုန်ဝမ်မြစ်တွေဟာ  မေခမြစ်အဖြစ်  ခေါင်လန် ဖူး၊ ဆော့လော်နဲ့ ချီဖွေကိုဖြတ်လို့ မြစ်ဆုံမှာ မလိခနဲ့ သွားဆုံပါတယ်။ မြစ်တွေပေါင်းစုံထားတဲ့ မေခ မြစ်ဟာ ရေစီးသန်သလို ခက်ထန်တယ်လို့လည်း  ဒေသခံတွေက အဆိုရှိကြတယ်။ မလိခမြစ်ကတော့  ပူတာအိုမြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်အကွာက မြစ်ဖျား ခံပြီး  နမ်ထွမ်ချောင်း၊  နမ့်ပလပ်ချောင်း၊  နမ်ထီချောင်း၊ မုန်လန်ချောင်း၊ ကဆန်ချောင်း၊ ဆွမ်ပီယန် ချောင်းတို့ စီးဝင်ကြပါတယ်။ ချောင်းတွေ၊ မြစ်တွေ ဟာ ဒေသခံတွေအတွက် ရေသယံဇာတကို အဓိက ဖြည့်ဆည်းပေးထားပါတယ်”  ဟု  ပူတာအိုမြို့မှ ဒေသခံ ဦးချန်းဖုန်ရမ်က ပြောကြားသည်။

 

3

 

လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးအပ်

ပူတာအိုခရိုင်အတွင်း  လျှပ်စစ်မီးရရှိမှုသည်  ၂၀၁၈    ခုနှစ်အထိ    အသေးစားရေအားလျှပ်စစ် စက်ရုံနှင့်    ဒီဇယ်သုံးစက်ရုံများမှ   အလှည့်ကျ လျှပ်စစ်မီးပေးခြင်းဖြစ်သည်။    ပူတာအိုမြို့တွင် တစ်ရက်လျှင်   ၁၉  နာရီနှင့်   အခြားမြို့များတွင် တစ်ရက်လျှင် သုံးနာရီခန့် လျှပ်စစ်မီး ရရှိခဲ့ကြသည်။ ၂၀၁၉   ခုနှစ်အတွင်း   အထက်နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်းပြီးစီးသွားသဖြင့် ပူတာအိုမြို့ပေါ်ရှိ  ရပ်ကွက် ၁၀ ခု၊ ကျေးရွာ ၂၀ နှင့် မချမ်းဘောမြို့ ရပ်ကွက်လေးခုနှင့် ကျေးရွာသုံးရွာတို့ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပေးအပ်နိုင်ခဲ့ပြီး အခြားမြို့နယ်များကိုလည်း  တစ်ရက်လျှင်  ငါးနာရီခန့်  လျှပ်စစ်တိုးမြှင့်ပေးအပ်ခဲ့ကြောင်း  တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။        လျှပ်စစ်မီးတိုးတက်ရရှိမှုကြောင့် မိသားစု တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလုပ်ငန်းများ  ဆောင်ရွက်လာနိုင်ခဲ့ပြီး  လူနေမှုဘဝများ မြင့်မားလာသည်ကိုလည်း မြင်တွေ့ရသည်။

 

4

 

ဆက်သွယ်ရေး အားကောင်းလာ

ပူတာအိုဒေသသည်      ၂၀၁၄    ခုနှစ်အထိ  CDMA နှင့် IP Star လိုင်းများသာ  သုံးစွဲ၍  ရခဲ့ပြီး    ယခုအချိန်တွင်    ပူတာအို၊    မချမ်းဘော၊ ဆွမ်ပရာဘွမ်မြို့နယ်များတွင် MPT ၊ Ooredoo၊ Telenor ၊ Mytel လိုင်းများ သုံးစွဲ၍ရရှိသည်အထိ တိုးတက်လာခဲ့ပြီး နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူ မြို့နယ်များတွင်  CDMA၊ MEC ဖုန်းလိုင်းများ သုံးစွဲ၍ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

5

 

“ဒေသခံတွေအတွက်  သင့်တော်တဲ့အလုပ် အကိုင်ပေါ်ပေါက်လာမှသာ သဘာဝသယံဇာတ တွေကိုလည်း ထိန်းသိမ်းရာရောက်ပြီးသား ဖြစ်မှာပါ။ ပူတာအိုက တောင်ပေါ် ဒေသဖြစ်ပြီး အမြဲတမ်း စိုက်ပျိုးမြေလည်း နည်းပါးတယ်။ သစ်တောထွက်  ပစ္စည်းတွေအပေါ်မှာ    အဓိကမှီခိုအသက်မွေးနေ ကြရတယ်။  ဝေးလံခေါင်ဖျားတဲ့  ဒေသတွေဖြစ်လို့  တရားဥပဒေစိုးမိုးမှုလည်း    ယခုထက်ပိုပြီးအား ကောင်းဖို့ လိုအပ်နေပါတယ်။ ဒါကိုလုပ်ဆောင်ဖို့  အစိုးရ၊  ဒေသခံနဲ့  အရပ်ဘက်ဆိုင်ရာ  လူမှုအဖွဲ့အစည်းတွေ ပိုမိုအားထည့် လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု ဒေသခံ မအမ်ဆိုင်းလက ပြောသည်။

ဖွံ့ဖြိုးမှုမှသည် အောင်မြင်မှုများဆီ

ပူတာအိုခရိုင်သည်    သဘာဝတောတောင်များ၊ မြစ်ချောင်းများပေါများသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်  အခက်အခဲရှိသော်လည်း  နိုင်ငံတော်မှ  ၂၀၁၅  ခုနှစ်နောက်ပိုင်းတွင်   မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း၊ ပူတာအို-နောင်မွန် လမ်းပိုင်းနှင့် ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းများကို  အဆင့်မြှင့်တင် တည်ဆောက်ပြုပြင်ပေးနိုင်ခဲ့သည်။  ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲလာခြင်း၊ လေကြောင်းလိုင်းများ    တိုးချဲ့ပြေးဆွဲလာခြင်းနှင့်   သဘာဝအခြေခံခရီးသွားလုပ်ငန်းများလည်း အနည်းငယ် အရှိန်ရ အားကောင်းလာခြင်းတို့ကို မြင်တွေ့ရပြီး  မကြာတော့သည့် ကာလများအတွင်း ပြည်တွင်း ပြည်ပ  သဘာဝချစ်မြတ်နိုးသူ ခရီးသွားများ  ပိုမိုဝင်ရောက်လာမည်ဆိုပါက    ဒေသခံပြည်သူများ အတွက်  ပုံမှန်ဝင်ငွေများ  ရရှိလာနိုင်သည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက် အကူဖြစ်လာစေနိုင်ကြောင်းကို မြင်တွေ့ရသည်။ 

“ပုံမှန်ခရီးသွားရတာနဲ့တော့ မတူပါဘူး။ ရေခဲတောင်တွေကို လေ့လာမယ်။ သဘာဝတောကြီး တွေထဲမှာ သဘာဝတရားတွေကို လိုက်လံခံစားမယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ ကုန်ကျစရိတ်ကတော့  ရှိတာပေါ့။  ဒါက  လမ်းပန်းဆက်သွယ်ရေး  ပိုကောင်းလာတာနဲ့အမျှ      ကုန်ကျစရိတ်က သက်သာလာမှာပါ။  ခရီးသွားတွေလည်း  အခု နှစ်ပိုင်းမှာ  ပိုမိုဝင်ရောက်လာကြတယ်။  ခရီးသွားလုပ်ငန်းတွေ အတော်များများလည်း အခြေစိုက် လာဖွင့်ကြတာ  ရှိတယ်။  ဒေသခံတွေကလုပ်တဲ့ ခရီးသွားလုပ်ငန်းတွေလည်းရှိတယ်။  ကိုယ့်အစီ အစဉ်နဲ့ကိုယ်      ဒေသခံတွေနဲ့    ချိတ်ဆက်ပြီး     လေ့လာကြတာရှိတယ်။ ခရီးသွားလုပ်ငန်းသာ အောင်မြင်သွားရင် ဒေသအတွက် အများကြီး အကျိုးရှိမယ်” ဟု   ပူတာအိုဒေသခံ   ဦးချန်းဖုန်ရမ်က  ပြောကြားရင်း ဒေသခံများအတွက် တိုးတက်ဖွံ့ဖြိုးရေး    ရောင်ခြည်များကတော့ ယှက်ဖြာလျက်ရှိနေပါကြောင်း။  

ခင်ရတနာ