ရှမ်းရွာသစ် ၁၈ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စု၊ မောခီးကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ မိုးစပါးစံပြစိုက်ပျိုးမည့် တောင်သူများမျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရန်အတွက် ကရင်ပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် GMSAEDC တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော ဒေသဆိုင်ရာဖွံ့ဖြိုးရေး စီမံကိန်း (Regional Development Project)အစီအစဉ်ဖြင့် လယ်ယာသုံးသွင်းအားစုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်း၊ GMSAEDCမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နော်ဂျိုအမ်းနှင့် ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်တို့က ဒေသ ခံတောင်သူများအား မျိုးသန့်မျိုးပွား မျိုးစေ့များ ဖြန့်ဝေပေးခြင်းဖြင့် ဒေသတွင်းမှာ မိုးစပါးမျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်းတိုးတက်လာနိုင်ခြင်း၊ စပါးအထွက်နှုန်းတိုးတက်ခြင်းကြောင့် ဒေသအတွင်း ဝမ်းစာဖှုံလုံခြင်းနှင့် တောင်သူများဝင်ငွေပိုမိုရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင့် အသိပညာပေး ပြောကြားခဲ့ပြီး တောင်သူများအား မျိုးစပါးဓာတ်မြေဩဇာနှင့် မျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)


