ဖားဆောင်း ၁၇  မေ

           

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးတောင်ပေါ်ဒေသ၌ ရာသီမရွေး ရေလုံလောက်စွာရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ၁၆ရက်က ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           

ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရ (ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေဖြင့် လိုခါးလို ကျေးရွာမှ ဆုတောင်းတောင်သို့သွားလမ်း အရှည်ပေ ၄၅၀၀၊ အကျယ် ၁၇ ပေ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ဆုတောင်းတောင်ပေါ်ရှိ ဂါလန် ၃၀၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ မော်ချီး-တောင်ငူ-လွိုင်ကော် ကားလမ်းဘေးရှိ ဂါလန် ၁၀၀၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ မိုလိုချောင်း ရေအရင်းအမြစ်နေရာတွင် ဂါလန် ၆၀၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း၊ တာဝတိံသာကုန်းပေါ်ရှိ ဂါလန် ၃၀၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေဖြင့် လိုခါးလိုကွက်သစ် စက်ရေတင်လုပ်ငန်းနှင့် မွမ်းမံရန်ပုံငွေဖြင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ မော်ချီးအောက်ကျေးရွာ ဂါလန် ၁၀၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် စုစည်းကျေးရွာ မြစ်ရေတင်လုပ်ငန်းတို့အား စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

မေဇင်(ဖားဆောင်း)