ဂန့်ဂေါ ၁၀ မတ်

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ၍ နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

 

mdn

 

၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေ ကျပ် ၁၈ ဒသမ ၅၀၈ သန်းဖြင့် အကျယ် ၄ လက်မ၊ အနက် ၅၀ဝ ပေရှိသော စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၉၇၁ အိမ်၊ လူဦးရေ ၄၄၀၅ ဦးနှင့် ကျွဲ/နွား တိရစ္ဆာန်များအတွက် အချိန်ကုန်သက်သာစွာ သောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းဌေး