၂၅ ဇူလိုင်

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်ခြင်းကြောင့် အင်မတန် ဝမ်းနည်းမိကြောင်းနှင့် ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တာကီရှီအီဝါယာ က ဆိုသည်။

ကိုးရီးယားကျွန်းဆွယ် အရှေ့ပိုင်း ဝွန်ဆန်မြို့မှ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ တာတိုပစ်ဒုံးကျည် အမျိုးအစား ဖြစ်နိုင်သည့် ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ယနေ့မနက်စောပိုင်းတွင် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောဆိုသည်။

မြောက်ကိုရီးယားက ဒုံးကျည်အချို့ ပစ်လွှတ်ခြင်းကို ၎င်းဝန်ကြီးဌာနအနေဖြင့် သတိထားကြည့်ရှုနေကြောင်းနှင့် သတင်းအချက်အလက် စုစည်းပြီး စိစစ်နေကြောင်း တာကီရှီအီဝါယာက တိုကျိုမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်း၏ သီးသန့်စီးပွားရေးဇုန် (သို့မဟုတ်) ဂျပန်ပိုင်နက်အတွင်းဒုံးကျည် ဝင်ရောက်ခဲ့ခြင်းမရှိကြောင်းကို အတည်ပြုထားပြီး ဖြစ်သည်ဟု တာကီရှီအီဝါယာ က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု ၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံတို့နှင့် အတူပူးပေါင်းဆောင်ရွက်ကာ မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ၎င်းကပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး နံပါတ် ၊ အမျိုးအစားနှင့် ဒုံးကျည်ပစ်လွှတ်သည့် အကွာအဝေးတို့ကို စိစစ်နေဆဲဖြစ်သဖြင့် အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း တာကီရှီအီဝါယာ က ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ်ခြင်းဖြစ်ခဲ့လျှင် ထိုနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို