၂၆ ဇူလိုင်
မြောက်ကိုရီးယား နိုင်ငံ ဒုံးကျည် ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအို တို့နှစ်ဦးသည် ၎င်းနိုင်ငံများအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဂျပန် ပင်လယ်ပြင်ကို ဦးတည်ပြီး ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး နောက်နေ့ဖြစ်သော ယနေ့တွင် တာရို ကိုနို နှင့် မိုက်ပွန်ပီအို တို့နှစ်ဦး မိနစ် ၃၀ ကြာ ဖုန်းစကားပြောခဲ့ကြသည်။
ထိုပစ်လွှတ်ခဲ့သော ဒုံးကျည်များသည် တာတိုပစ် ဒုံးကျည် အမျိုးအစား အသစ် ဖြစ်သည်ဟု တောင်ကိုရီးယား အစိုးက ဆိုသည်။
ဂျပန် ၊ အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အပြီးတိုင် ဖျက်သိမ်းရေး အောင်မြင်မှု ရရှိရန် အနီးကပ် အတူတကွ လုပ်ဆောင်သွားမည် ဟု တာရို ကိုနို နှင့် မိုက်ပွန်ပီအို တို့ နှစ်ဦး သဘောတူညီခဲ့ကြသည်။
ထို ပစ်လွှတ်ခဲ့သော ဒုံးကျည်များသည် အားကြီးသော တိုက်ချင်းပစ် ဒုံးပျံများဖြစ်ကြောင်း အတည်ပြုပြီးပါက မြောက်ကိုရီးယားနိုင်ငံကို စွဲချက်တင် တိုင်ကြားရန် ဂျပန်အစိုးရက အစီအစဉ် ရှိကြောင်း ဖော်ပြထားသည်။
တာရိုကိုနို သည် မိုက်ပွန်ပီအို နှင့်အတူ ထိုင်းနိုင်ငံ၌ လာမည့်သီတင်းပတ်တွင် ကျင်းပမည့် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးပွဲ၏ ဘေးစည်းတွင် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို