၄ ဩဂုတ်

 

 

မြောက်ကိုးရီးယားသည် ၎င်း၏ ပဲ့ထိန်းဒုံးကျည်များ၏ ထိပ်ဖူးများအတွင်း တပ်ဆင်နိုင်သည့် သေးငယ်သော နျူကလီးယား ပစ္စည်းများကို ထုတ်လုပ်ခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့၏ အစီရင်ခံစာ တစ်စောင်က ဖော်ပြထားသည်။

 

 

တနင်္လာနေ့က ပညာရှင်များ အဖွဲ့သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ခြောက်လကြာ လေ့လာမှုများ ပြုလုပ်မှုအပြီး  ကြားဖြတ် အစီရင်ခံစာကို အရေးယူ ဒဏ်ခတ်မှု ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

 

 

မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် အဆင့်မြင့် ယူရေနီယံကို ဆက်လက် ထုတ်လုပ်နေဆဲဖြစ်ပြီး အလင်းရောင် ဓာတ်ပေါင်းဖိုကိုလည်း ဆက်လက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

မြောက်ကိုရီးယားသည် ဒုံးကျည်ထိပ်ဖူးများနှင့် အံဝင်ဂွင်ကျသေးသော နျူကလီးယား ပစ္စည်းများကို တီထွင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံများစွာက ယုံကြည်ကြခဲ့ကြကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့်နှစ် မြောက်ကိုရီးယား နိုင်ငံမှ ၎င်း၏ လက်နက် ထုတ်လုပ်မှုကို အသေးငယ်ဆုံးဖြစ်အောင် ပြုလုပ်ထားကြောင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စာတမ်းတွင် ဖော်ပြထားသည်။

 

 

မြောက်ကိုရီးယား နိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်ရန်အတွက် နျူကလီးယား ထိပ်ဖူးများ ထုတ်လုပ်နိုင်ခြင်း ရှိမရှိကို  ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိပေ။

 

 

၎င်းတို့ကို ထုတ်လုပ်ရန်အတွက် တာတိုနှင့် တာလတ်ဒုံးကျည်များထက် အဆင့်မြင့် နည်းပညာများ ပိုမိုလိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

 

 

နျူကလီးယား စက်ရုံများအတွက် ဒီဇိုင်း ထုတ်လုပ်နိုင်သည့် ဒုံးကျည် အမျိုးအစားကိုမူ ဖော်ပြထားခြင်း မရှိပေ။

 

 

အဆိုပါ အစီရင်ခံစာအရ ယေဘုယျအားဖြင့် မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား အစီအစဉ် တိုးတက်မှုကို သတိပေးရန်နှင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို အပြည့်အဝ လိုက်နာရန် တိုက်တွန်းရန်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်