မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ပြင်လွယ်ပြောင်းလွယ်သော ချဉ်းကပ်နည်း လိုအပ်ဟု ကန် အဆင့်မြင့်တာဝန်ရှိသူ ပြော

၂၀ ဇွန်

 

မြောက်ကိုရီယားနိုင်ငံ၏ နျူကလီးယား ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ပြုလွယ်ပြင်လွယ်ချဉ်းကပ်နည်း လိုအပ်သည်ကို အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့က နားလည်ပါကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။  

 

မြောက်ကိုရီးယားနိုင်ငံ အထူးကိုယ်စားလှယ်ကို စတီဗင်ဘင်ဂန်သည် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ရှိ အတိုင်ပင်ခံအဖွဲ့တစ်ခု၌ ပို့ချမှု ပြုလုပ်ခဲ့သည်။ 


မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးကို နားလည်ရန် သဘောပေါက်ရန် နည်းလမ်းများကို သဘောတူရန် အမေရိကန်ပြည်ထောင်စုက အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။ 

 

အစိုးရအချင်းချင်းကြား လူသိရှင်ကြားနှင့်  လျှို့ဝှက်ဆက်သွယ်မှုများစွာရှိခဲ့ကြောင်း ၄င်းကဆိုသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အဓိပ္ပာယ်ရှိသော ဆောင်ရွက်ချက်များ လုပ်ဆောင်သင့်ကြောင်း သူက ထောက်ပြခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင့် သွားရောက်လည်ပတ်ခြင်းကို ဘင်ဂန်းက ရည်ညွှန်းခြင်းဖြစ်သည်။ အမေရိကန်အကြီးတန်းအရာရှိ တစ်ဦးအနေဖြင့်  မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ဖျက်သိမ်းရေးအတွက် မိမိတိုင်းပြည်နှင့် တရုတ်နိုင်ငံတို့သည် ရပ်တည်ချက် တူညီသည်ဟု ဘင်ဂန်က ဆိုသည်။  တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တိုင်းပြည်အတွက် အပြုသဘောဆောင်သည့် သတင်းများ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၄င်းက ပြောကြားသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်