မြောက်ကိုရီးယားအရေးနှင့် ပတ်သက်သည့် သမ္မတထရမ့်၏ သံတမန်ရေးဆောင်ရွက်မှုကို ဂျွန်ဘော်တန် ဝေဖန်

ဝါရှင်တန် ၂၃ ဇွန်

 

မြောက်ကိုရီးယားအရေးတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သံတမန်ရေးဆိုင်ရာ ဆောင်ရွက်မှုအပေါ် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်တန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

 

ဂျွန်ဘော်တန်က ၎င်းသိရှိရသည့်အတိုင်းဆိုလျှင် သမ္မတထရမ့်သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကိစ္စရပ်အပါအဝင် မည်သည့်ကိစ္စရပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်ခဲ့ခြင်းမရှိဟု ပြောကြားသည်။ သမ္မတ ထရမ့်အစိုးရအဖွဲ့နှင့် ပတ်သက်သည့် ၎င်း၏စာအုပ်ကို မထုတ်မီ အေဘီစီ သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုအတွင်း ၎င်းက ထိုသို့ပြောကြား ခြင်းဖြစ်သည်။

 

ဂျွန်ဘော်တန်၏ စာအုပ်ကို ဇွန် ၂၃ ရက်တွင် ထုတ်ဝေရန် စီစဉ်ထားကြောင်းသိရသည်။ တွေ့ဆုံမေးမြန်း မှုအတွင်း ကျွန်တော်တန်က ၂၀၁၈ ခုနှစ်တွင် စင်ကာပူ၌ပြုလုပ်ခဲ့သည့်  အမေရိကန် - မြောက်ကိုရီးယား ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ရည်ရွယ်ပြောဆိုခဲ့သည်။ သမ္မတ ထရမ့်အနေဖြင့် ထိပ်သီးအစည်းအဝေး ပြီးဆုံးသွားချိန်တွင် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်အရေ အတွက် မည်မျှရှိမည်ဆိုသည်လောက်သာ အာရုံစိုက်သူဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။

 

အင်န်အိတ်ချ်ကေ