မြောက်ကိုရီးယား၏ နျူဖျက်သိမ်းရေးနှင့်ပတ်သက်၍ ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား ဆွေးနွေး

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား အကြီးတန်းအရာရှိများသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လျော့ချရေးတွင် အောင်မြင်မှုရရှိရန် နည်းလမ်းသုံးသွယ် မိတ်ဖက်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြသည်။

Nyoungbyon နျူကလီးယားဇုန် ဖျက်သိမ်းရာတွင် အလဲအလှယ်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရန် ပြီးခဲ့သည့်အပတ်က ဗီယက်နမ်နိုင်ငံတွင် ဟနွိုင်းမြို့တော်ကျင်းပသည့်  ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုခဲ့သည်။

သို့သော်လည်း အမေရိကန်ဘက်မှ အခြား နျူအဆောက်အဦများကိုလည်း ဖျက်သိမ်းရန် တောင်းဆိုခဲ့မှုကြောင့် နှစ်ဦးနှစ်ဖက်ကြား သဘောတူညီချက် မရရှိခဲ့ပေ။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မြို့တော်ကျင်းပသည့် ထိပ်သီးအစည်းအဝေးပွဲအလွန် အစည်းအဝေးသို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အာရှနှင့်သမုဒ္ဒရာပိုင်းရေးရာဗျူရိုအကြီးအကဲ စကီဂျီကန်နဆူဂျီ၊ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဘီဂွမ် နှင့် လီဒိုဟွန်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား အထူးကိုယ်စားလှယ် လီဒိုဟွန်းတို့လည်း တက်ရောက်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အောင်မြင်အောင် ညှိနှိုင်းဆွေးနွေး အဖြေရှာမည်ဖြစ်ကြောင်း  အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် အမေရိကန်အထူးကိုယ်စားလှယ်က သတင်းထောက်များသို့ မည်သည့်အကြောင်းအရာကိုမှ ပြောကြားခြင်းမရှိပေ။

ကန်နဆူဂျီက ဆွေးနွေးပွဲမှာ တန်ဖိုးရှိခဲ့ကြောင်း NHK သို့ ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn