ဆိုးလ် ၁၀ ဩဂုတ်


မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်းဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းမှာရှိတဲ့ ပင်လယ်ထဲကို ကျရောက်သွားတယ်လို့ ထင်မြင်ယူဆကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောခဲ့ပါတယ်။


တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဒီကနေ့မနက် ဒေသစံတော်ချိန် ၅ နာရီ ၃၄ မိနစ်နဲ့ ၅ နာရီ မိနစ်၅၀ ခန့်မှာ တောင်ပိုင်းဟင်းဂေါင်းပြည်နယ်ရဲ့  ဟမ်ဟိုမြို့အရှေ့ပိုင်း ကမ်းခြေမြို့ကနေ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ‌တောင်ကိုရီးယားရဲ့ ပူးတွဲကာကွယ်ရေးဉီးစီးချုပ်က ကြေညာခဲ့ တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ တာတိုပဲ့ထိန်း ဒုံးကျည်တွေ ဖြစ်တယ်လို့လည်း ယူဆနေကြပါတယ်။ ၎င်းတို့အပြောအရ ဒီဒုံးကျည်တွေဟာ ၄၈ ကီလိုမီတာ အမြင့်ကနေ ကီလိုမီတာ ၄၀ဝ ကျော်အမြင့်အထိ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ 


တောင်ကိုရီးယားအစိုးရအနေနဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေက အကြီးတန်းအရာရှိတွေကို ခေါ်ယူခဲ့ပါတယ်။ ခုလိုလုပ်ဆောင်တာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး အင်အားပြတာဖြစ်တယ်လို့ သမ္မတရုံးက ပြောကြားထားတာကို တွေ့ရပါတယ်။ အိမ်ပြာတော်ကတော့ အခုလို စမ်းသပ်တာ ဟာဆိုရင် ပြည်တွင်းထုတ် တာတိုပဲ့ထိန်းဒုံးကျည်ရဲ့ တိုးတက်မှုကို စမ်းသပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


ဒီကနေ့စမ်းသပ်မှုဟာ ဇူလိုင် ၂၅ ရက်ကစပြီး ပြုံယမ်းကပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေရဲ့ ငါးကြိမ်မြောက်ပဲ ဖြစ်ပါတယ်။ 


ပြုံယမ်းရဲ့ စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အထူးတလည် ပြောကြားခြင်း မရှိခဲ့ပါဘူး။ အမေရိကန်-မြောက်ကိုရီးယား နျူကလီယား လက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုဟာ အနည်းငယ်တိုးတက်လာခဲ့ပြီး လာမည့် ဇွန်လမှာ တတိယအကြိမ် ထိပ်သီးဆွေးနွေးမှုကို ပြန်လည်ကျင်းပဖို့အတွက် သဘောတူခဲ့ပါတယ်။ 


ပြုံယမ်းက အမေရိကန်ရဲ့ အနေအထားကို အကဲခတ်ပြီး နိုင်ငံရေးပရိယာယ်ဖြစ်တဲ့ တင်းမာမှုနဲ့ ပျော့ပျောင်းမှုကို တစ်ချိန်တည်းမှာ စမ်းသပ်နေတာဖြစ်ကြောင်း လေ့လာသုံးသပ်သူတွေက ပြောခဲ့တယ်လို့ အန်အိတ်ချ်ကေ သတင်းအရ သိရပါတယ်။


ကိုးကား- အန်အိတ်ချ်ကေ


ဘာသာပြန်- စုရည်