ဖေဖော်ဝါရီ ၂၀
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
အဆိုပါဒုံကျည်နှစ်စင်းကို နိုင်ငံ၏အနောက်ဘက်ကမ်းရိုးတန်းမှပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုတာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ယနေ့မနက် ၇ နာရီထိုးပြီးချိန်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုအကြီးအကဲဖြစ်သူက ဆိုသည်။
ယင်းဒုံးကျည်နှစ်စင်းကိုအချိန် ၁၁ မိနစ်ခန့်အတွင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကနဦးသတင်းအရ ဒုံးကျည်သုံးစင်း ပစ်လွှတ်သည်ဟု သိထားခဲ့သော်လည်း သတင်းမှားဖြစ်ပြီး ဒုံးကျည်နှစ်စင်းပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ပြောကြားချက်အရ ဒေသတွင်းရှိ မည်သည့်သင်္ဘောမျှထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို