၁၂ ဧပြီ
မြောက်ကိုရီးယား၏ ပါလီမန် သည် နိုင်ငံခေါင်းဆောင်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းမီဒီယာက ယနေ့မနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။
ကင်ဂျုံအန်သည် ၂၀၁၆ ခုနှစ် ဇွန်လပိုင်းတွင် နိုင်ငံခေါင်းဆောင်အဖြစ် ပထမဦးဆုံး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု သိရသည်။
ကင်ဂျုံအန်၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ ချုံယောင်ဟီ ကို နိုင်ငံရေးအာဏာချုပ်ကိုင်ထားသော အမြဲတမ်းပါတီကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်ကြေညာခဲ့ကြောင်းနှင့် အဆိုပါ ဥက္ကဋ္ဌနေရာသည် ၉၁ နှစ်အရွယ် ကင်ယုံနမ် ဆယ်စုနှစ်တစ်စုများ တာဝန်ယူဆောင်ယူခဲ့သော နေရာဖြစ်ကြောင်း ဖော်ပြထားသည်။
မြောက်ကိုရီးယား အာဏာရပါတီ ဂျာဂန်ပြည်နယ်ကော်မတီ၏ အတွင်းရေးမှူးချုပ် ကင်ဂျေးယောင်သည် နိုင်ငံစီးပွားရေး ပြန်လည်တည်ဆောက်ရေးတွင် အဓိကအခန်းကဏ္ဍဖြင့် ပါဝင်မည့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
နျူကလီးယားဖျက်သိမ်းမှု အပါအဝင် အမေရိကန်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား၏ ပါလီမန်အစည်းအဝေးတွင် ဆွေးနွေးခြင်း ရှိမရှိ နိုင်ငံပိုင်သတင်းမီဒီယာက ဖော်ပြခြင်းမရှိပေ။
ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား - အန်အိတ်ချ်ကေ