၂၃ ဧပြီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပထမဆုံးအကြိမ် အစည်းအ ဝေးပြုလုပ်ရန် မကြာမီ ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
ကင်သည် ပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားမီဒီယာများက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ထိပ်သီးအစည်းအဝေးပွဲ ပြုလုပ်မည့် နေ့ရက်နှင့် နေရာကို မသိရသေးဟု ဆိုသည်။
ခရီးစဉ်မှာ ယခုလနှောင်းပိုင်းတွင် ဖြစ်မည်ဟု ပြီးခဲ့သည့်အပတ်က ရုရှားသမ္မတရုံးက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံက ခရီးစဉ်ကိုဖော်ပြခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ ဗလာဒီဗော့စတော့သို့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ရထားဖြင့် ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။ ၄င်းသည် ကြာသပတေးနေ့တွင် ပူတင်နှင့် Far Eastern Federal University တွင် တွေ့ဆုံဖွယ်ရှိသည်။
နျူကလီးယားလျော့ချရေးကို အဓိက ခေါင်းစဉ်အဖြစ် ဆွေးနွေးဖွယ်ရှိသည်။ ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့ သည့် ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထပ်သီးဆွေးနွေးပွဲအတွင်း သဘောတူညီချက် တစ်စုံတစ်ရာမရရှိပဲ ပြီးဆုံးခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရန် ရုရှားနိုင်ငံက ပြောကြားခဲ့သောကြောင့် ကင်ဂျုံအန်းက မြောက်ကိုရီးယား သွားရောက်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်