ပြုံယမ်း ၉  ဇွန်

 

မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရန်အတွက် ဓာတုစက်ရုံလုပ်ငန်း မြှင့်တင်ရေးအပါအဝင် အခြားကိစ္စရပ်များပါဝင်သည့် အလုပ်သမားပါတီ၏ အစည်းအဝေးတစ်ရပ်ကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ဦးဆောင်ကျင်းပကြောင်း သိရသည်။

 

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက် တွဲရိုက်ခတ်မှုကို ကိုင်တွယ် ဆောင်ရွက်နေချိန်တွင် နိုင်ငံ့စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန် အင်အားစိုက်ထုတ် ဆောင်ရွက်ရေး အလေးပေး နေဟန်ရှိကြောင်း သိရသည်။ တနင်္လာနေ့ထုတ် အာဏာရ အလုပ်သမားပါတီ နေ့စဉ်သတင်းစာ ရိုဒေါင် ဆင်မန်က ဇွန် ၇ ရက်တွင် ကျင်းပခဲ့သည့် အလုပ်သမားပါတီ၏ ထိပ်တန်း နိုင်ငံရေးဗျူရို အစည်းအဝေးသို့ ခေါင်းဆောင်ကင် တက်ရောက်ကြောင်း သတင်းဖော်ပြခဲ့သည်။ ပါတီဝင်များက စီးပွားရေးလွတ်မြောက်ရေးအတွက် အဓိကကျသည့် ဓာတုစက်ရုံလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခေါင်းဆောင်ကင် ဦးဆောင်သည့် အစည်းအဝေး၌ ပြုံယမ်းဒေသခံ ပြည်သူများအတွက် လူနေမှုဘဝ အခြေအနေ အထောက်အကူပြု အစီအစဉ်များကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ