၂၈ ဧပြီ

မကြာသေးမီရက်ပိုင်းအတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ကောလဟလများ ဖြစ်ပေါ်နေစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံမှ သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယား အာဏာရပါတီသတင်းစာက ဖော်ပြခဲ့သည်။

 

တောင်အာဖရိကနိုင်ငံ၏ အမျိုးသားအားလပ်ရက်အထိမ်းအမှတ်အဖြစ် ကင်က သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သတင်းစာတွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

 

နှစ်နိုင်ငံ၏ ဆက်ဆံရေးပိုခိုခိုင်မာလာစေမည်ဟု ယုံကြည်ကြောင်း အဆိုပါ စာထဲတွင် ကင်က ဖော်ပြထားသည်။

 

ဝူဆန်အတွင်း ခရီးသွား အပန်းဖြေစခန်းဆောက်လုပ်နေသည့် အလုပ်သမားများကို ကျေးဇူးတင်ကြောင်း ရေးသားထားသည့် စာတစ်စောင်အပါအဝင် အလားတူစာမျိုးကို တိုင်းပြည်၏ မီဒီယာများက သုံးရက်ဆက်တိုက် ဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့် အပတ်က ကင်သည် ခွဲစိတ်မှုခံယူခဲ့ရသဖြင့် ကျန်းမာရေးမှာ အလွန်ဆိုးဝါးစွာ အန္တရာယ်ရှိနေကြောင်း ကင်၏ ကျန်းမားရေးအခြေအနေကို CNNက မီးမောင်းထိုး ဖော်ပြမှု ပြုလုပ်ခဲ့သည်။

 

မြောက်ကိုရီးနိုင်ငံတွင် မည်သည့် ထူးခြားသည့် အရာတစ်စုံတစ်ခုမှ ဖြစ်ပေါ်ခြင်းမရှိကြောင်းနှင့် ကင်ဂျုံအန်မှာလည်း အသက်ရှင်ကျန်းမာလျက်ရှိကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

 

ကင်၏ အခြေအနေနှင့်ပတ်သက်ပြီး ထင်မြင်ချက်များပေးရန်  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ပယ်ချခဲ့ပြီးနောက်  ကင်နေကောင်းမည်ဟု မျှော်လင့်ကြောင်း မကြာခင်မှာ ကင်၏ အသံကို ကြားရမည်ဖြစ်ကြောင်း  ထရန့်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇွန်လအတွင်းက ကိုရီးယားစစ်မဲ့ဇုန်တွင် နှစ်နိုင်ငံကြား ခေါင်းဆောင်များ နောက်ဆုံးအကြိမ် သမိုင်းဝင်တွေ့ဆုံမှုတစ်ခု  ပြုလုပ်ခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်