၂၀  မေ

 


ပြန်ပေးဆွဲမှုပြဿနာဖြေရှင်းရန်  မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအန်နှင့်တွေ့ဆုံလိုကြောင်း  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်လောင်းပြောကြားခဲ့သည်။

 

ရှင်ဇိုအာဘေးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ပြန်ပေးဆွဲကိစ္စရပ်များဆိုင်ရာ ဝန်ကြီးလည်းဖြစ်သူ ယိုရှီဟီဒါဆူဂါ သည် ယနေ့တိုကျိုမြို့တော်တွင်ကျင်းပသည့် ပြန်ပေးဆွဲခံရသူများ၏ဆွေမျိုးများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုများကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပသည်။  ပြန်ပေးဆွဲပြဿနာကိုဖြေရှင်းရန် လွယ်ကူမည်မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံက    ကနဦးဆောင်ရွက်ချက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သူ့အနေဖြင့် မည်သည့်စည်းကမ်းများမှ မသတ်မှတ်ဘဲ ကင်ဂျုံအန်နှင့်တွေ့ဆုံရန် စိတ်ပိုင်းဖြတ်ထားပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးလိုကြောင်း ရှင်ဇိုအာဘေးက ပြောသည်။

 

တွေ့ဆုံပွဲမတိုင်မီ ရှင်ဇိုအာဘေးသည် ၁၉၇၇ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှိုများ၏ ပြန်ပေးဆွဲမှုခံခဲ့ရသည့် အမျိုးသမီးတစ်ဦး၏ မိခင်ဖြစ်သူ ဆာကီယိုကိုတာကို တွေ့ဆုံခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြန်ပေးဆွဲမှုပြဿနာဖြေရှင်းရာတွင် အောင်မြင်စေရန် ဂျပန်နိုင်ငံသို့ များစွာကူညီပေးလိုကြောင်း ပြောကြားသည်။

 

ယခုလနှောင်းပိုင်းက  ဂျပန်နိုင်ငံသို့  လာရောက်လည်ပတ်ချိန်တွင်  အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်သည်၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ပေးဆွဲခံရသူများ၏ မိသားစုများနှင့် တွေ့ဆုံမည်ဖြစ်သည်။

 


ကိုးကား-အင်န်အိတ်ချ်ကေဘာသာပြန်-ကျော်ထိုက်စိုး