၂၂ ဖေဖော်ဝါရီ
မြောက်ကိုရီးယားနိုင်ငံ မှာ သီးနှံထွက်နှုန်း သိသိသာကျတဲ့အတွက် ကုလသမဂ္ဂကို အကူအညီပေးရေးရန် မြောက်ကိုရီယားက တောင်းခံခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့က ပြောပါတယ်။
မြောက်ကိုရီးယားမှာ ဒီနှစ်သီးနှံထွက်နှုန်းဟာ ၁.၄ သန်း ကျဆင်းတဲ့အတွက် အစားအစာ ပြတ်လပ်မှုကြုံရကြောင်း ပြုံယမ်းက ပြောပါတယ်။ အဲဒီအသီးနှံတွေထဲ စပါး၊ ဂျုံ ၊ အာလူး နဲ့ ပဲပိစပ်များလည်း ပါဝင်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂနဲ့ မြောက်ကိုရီးယားတို့ဟာ လူသားခြင်းဆိုင်ရာ အကူအညီပေးရေးအတွက် လက်ရှိ ဆွေးနွေးနေကြပါတယ်။ မြောက်ကိုရီးယား ၁၀.၅ သန်း တနည်းအားဖြင့် နိုင်ငံရဲ့ လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းဟာ အစားအစာ အကူအညီလိုနေကြောင်း ကုလသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ အကူအညီတောင်းခံမှုဟာ လာမယ့်သီတင်းပတ်မှာ ထရန့်နဲ့ ကင်တို့ရဲ့ ပြုံယမ်းရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်ရဲ့တွေ့ဆုံးပွဲအပြီးမှာ သဘောတူခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက်ဖျက်သိမ်းရေးမှာ မြောက်ကိုရီယားဘက်က လက်နက်အစီစဉ်တွေ ဖျက်သိမ်းတာမျိုး တိတိကျကျ မတွေ့ရသေးဘူး ဖြစ်နေပါတယ်။
မြောက်ကိုရီးယားက သူ့အပေါ်မှာ ထားရှိတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရေးနှင့် အမေရိကန်နဲ့ နှစ်နိုင်ငံခြား သံတမန်ဆက်မှုကို တည်ဆောက်လိုပါတယ်။
မြောက်ကိုရီးယား လက်နက်တည်ဆောက်နေမှုတွေ လုံးဝဖျက်သိမ်းသွားတဲ့အချိန်အထိ အမြင့်မားဆုံးသော ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသွားဖို့ ကုလသမဂ္ဂက ဆန္ဒရှိနေပါတယ်။
MDN
ကိုးကား -AFP