၁ ဇွန်
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံက ကျောင်းတွေ ပိတ်ထားခဲ့ရာ ဒီလအတွင်း ပြန်ဖွင့်မယ်လို့ ဒီနေ့(တနင်္လာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံက ကျောင်းတွေကို ဧပြီလဆန်းက ပြန်ဖွင့်မယ်လို့ ရည်ရွယ်ထားပေမယ့် ဆက်တိုက် ရွေ့ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တက္ကသိုလ် တချို့နဲ့ အထက်တန်းကျောင်း အချို့ကတော့ ဧပြီလလယ်မှာ ပြန်ဖွင့်ခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ထားခဲ့ပြီး ထောင်ချီတဲ့ လူတွေကိုလည်း သီးသန့် ခွဲခြားစောင့်ကြည့်မှုအောက်မှာ ထားရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးရှိသူ တွေ့ကြောင်း အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။
နိုင်ငံတစ်ဝန်းက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေကို ဇွန်လဆန်းမှာ ဖွင့်မှာဖြစ်ပြီး၊ ကျောင်းဝင်ပေါက်တိုင်းနဲ့ စာသင်းခန်းရှေ့တွေမှာ လက်ဆေးကန်များ ထားရှိရေးနဲ့ ကိုယ်အပူချိန် တိုင်းတာရေး လုပ်ရမယ်လို့ ပညာရေးမှ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံကြောင်း ၁၉၆ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၆.၁ သန်း ရှိနေပြီး သေဆုံး ၃၇၀,ဝ၀ဝ ရှိကြောင်း ဇွန် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP