၂၅ မတ်

 


ကေဆောင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်သွယ်ရေးရုံးမှာ မြောက်ကိုရီးယားတို့ ပြန်လည်ရုံးတက်လာပြီလို့ တောင်ကိုရီးယားက ဒီကနေ့ ပြောကြားပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ဗီယက်နမ်တွင်ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ ရှေ့မတိုး နောက်မဆုတ် အခြေအနေကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖွင့်လှစ်ထားတဲ့ ဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယားက တဖက်သတ် ဆုံးဖြတ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရုံးမလာခဲ့တော့ဖြစ်ပါတယ်။ 

 


မြောက်ကိုရီးယား ဝန်ထမ်းတွေဟာ တနင်္လာနေ့မှာ ဆက်သွယ်ရေးရုံးကို ပြန်လည်ရောက်ရှိလာပြီး ပုံမှန်အတိုင်း အလုပ်လုပ်နေကြောင်း၊ မြောက်ကိုရီးယားဘက်ကနေ ဘာကြောင့် ရုံးမလာတော့တဲ့အကြောင်းနှင့် ဘာကြောင့် ရုံးပြန်လာတယ်ဆိုတာကိုလည်း မပြောကြောင်း ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

 

ေေ

 

ပြီးခဲ့တဲ့ သတင်းပတ်က မြောက်ကိုရီးယားကို ကူညီနေတယ်လို့ ယူဆတဲ့တရုတ်ကုမ္ပဏီနှစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူမယ်လို့ ပြောဆိုခဲ့တဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ နျူကလီးယား ဖျက်သိမ်းရေးကို ဆွေးနွေးပွဲကို ရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်း မြောက်ကိုရီးယားရဲ့ ထိပ်တန်းသံတမန်တစ်ဦး က သတင်းဌာနတွေကို ပြောပါတယ်။ 

 


ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်သွယ်ရေးရုံးကို ပထမအကြိမ် အမေရိကန်-မြောက်ကိုရီးယားဆွေးနွေးပွဲအပြီး ၃ လအကြာမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် အလုပ်အတူလုပ်ရန် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

 


MDN
ကိုးကား - AFP

 

ေေေ